ကျွန်ုပ်တို့ အကြောင်း

story

ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေဆိုတာအလှူရေစက် လက်နှင့်မကွာဆိုတဲ့စကားအတိုင်း လမ်းသွားလမ်းလာရင်းနဲ့ အကူအညီလိုအပ်နေသူကိုတွေ့ရင်တောင် သူစိမ်းပင်ဖြစ်နေပါစေ ကူညီပေးတတ်ကြတာပါ။ ဆင်းရဲချမ်းသာမရွေး၊ အလှူအတန်းနဲ့ ပတ်သက်လာရင် သဒ္ဒါထက်သန်စွာ တတ်အားသလောက် ပါ၀င်ကူညီတတ်ကြသည်က မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့ထုံးစံပါ။

ကျွန်တော်‌တို့ hludan.org အဖွဲ့သားတွေကိုယ်တိုင်ကလည်း Covid-19 ကာလမှာ လိုအပ်နေတဲ့ ရပ်ကွက်တစ်ခုအတွက် ရန်ပုံငွေရှာပွဲလုပ်တဲ့အခါမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ကြရတယ်။ အဲ့ကြောင့် ထိုပြဿနာတွေကို Internet ကိုအသုံးပြုပြီး အဖြေရှာဖို့ကြိုးစားခဲ့ကြရင်းနဲ့ ဒီ hludan.org ကြီးကိုစတင်ဖြစ်ခဲ့ကြတယ်။

hludan.org ဆိုတာဘာလဲ?

hludan.org ဆိုတာက တစ်ကိုယ်တော်ပရဟိတသမားတွေ၊ ပရဟိတအသင်းအဖွဲ့တွေ၊ လူထုအခြေပြုအသင်းအဖွဲ့တွေနှင့် အလှူရှင်တွေကို အင်တာနက်ကွန်ရက် အသုံးပြုပြီး ဆက်သွယ်ပေးတဲ့ platform တစ်ခုပါ။

hludan.org ကိုဘာကြောင့်ရွေးချယ်သင့်လဲ?

အသင်းအဖွဲ့များအတွက်

  • Fundraisers တွေအတွက် fundraising လုပ်ရာမှာကူညီထောက်ပံ့ပေးနိုင်မှု
  • မြန်မာတစ်နိုင်ငံလုံး/တစ်ကမ္ဘာလုံးမှ ဤplatform သို့၀င်ရောက်ကြည့်ရှုသူများ တွေ့မြင်ပါဝင်ကူညီနိုင်ခြင်း

 

အလှူရှင်များအတွက်

  • ယုံကြည်စိတ်ချမှုကိုပေးစွမ်းနိုင်ခြင်း
  • မြန်မာတစ်နိုင်ငံလုံးရှိ သင်တို့၏အကူအညီကိုလိုအပ်နေသူများကို တစ်နေရာတည်းတွင် လွယ်ကူစွာတွေ့နိုင်ခြင်း
  • Banking/Mobile payment systems များအသုံးပြုကာ လှူဒါန်းမှုများကို လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ခြင်း
  • Crowdfunding platform ဖြစ်သည့်အတွက်ကြောင့် အလှူရှင်များ‌အနေဖြင့် နည်းသည်၊ များသည် ပဒါနမထားပဲ မိမိတို့တတ်အားတရွေ့လှူဒါန်းနိုင်ခြင်း

Our Team

Kaung Myat Kyaw

Kaung Myat Kyaw

Wint Nandar Kyaw

Wint Nandar Kyaw

Yu Nandar Kyaw

Yu Nandar Kyaw

Kaung Myat Paing

Kaung Myat Paing

Su Yadanar

Hein Htet Aung

Hein Htet Aung